၀က်ဂနာတပ်ဖွဲ့များသည် မကြာမီတွင် ပိုလန်နိုင်ငံတွင်းသို့ ‘စိမ့်ဝင်’ နိုင်ဟု ပိုလန်ဝန်ကြီးချုပ် သတိပေး

0
206

ရုရှား ဝက်ဂနာ တပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် နေတိုးနယ်မြေဖြစ်သည့် ပိုလန်နိုင်ငံနှင့် ဘီလာရုစ်နယ်စပ်ဆီသို့ ရွေ့လျားနေကြသောကြောင့် ယင်းတို့ ပိုလန်နိုင်ငံ နယ်နိမိတ်အတွင်းသို့ စိမ့်ဝင်ရောက်လာမည်ကို ပိုလန် အာဏာပိုင်များက စိုးရိမ်နေကြသလို ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki ကလည်း သတိပေးထားသည်။

“အခု အခြေအနေက ပိုအန္တရာယ်များလာပါပြီ” ဟု Morawiecki က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ “ဒါဟာ ပိုလန်နယ်မြေကို နောက်ထပ် ပူးပေါင်းတိုက်ခိုက်မှုတစ်ခုဆီ ဦးတည်တဲ့ ခြေလှမ်းတစ်ခုပါ။”

ပိုလန်နှင့် ဘီလာရုစ်ရှိ ဒေသတွင်း မီဒီယာများတွင် ဝက်ဂနာကြေးစားစစ်သား ၁၀၀ ကျော်သည် နေတိုးအဖွဲ့ဝင် ပိုလန်နှင့် လစ်သူယေးနီးယားနယ်စပ်ဖြစ်သည့် Suwałki Gap သို့ ဦးတည်ရွေ့လျားနေသည်ကို မြင်တွေ့ခဲ့ရသလို၊ ယင်းနယ်မြေ၏ တစ်ဖက်တစ်ချက်စီတွင်လည်း ဘီလာရုနှင့် ရုရှားနိုင်ငံတို့က ရှိနေသည်။

“သူတို့ဟာ ဘီလာရုစ်နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ဆောင်ပြီး ပိုလန်ပိုင်နက်ထဲကို တရားမဝင် စိမ့်ဝင်လာနိုင်သည်” ဟု Morawiecki က စနေနေ့တွင် ပြောကြားခဲ့သည်။

ပရီဂိုဇင် ၏ ခဏတာပုန်ကန်မှုကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခုအနေဖြင့် ဘီလာရုစ်သို့ နှင်ထုတ်ခံရသော ဝက်ဂနာတပ်ဖွဲ့ဝင်အချို့က ပိုလန်ကို ဝင်ရောက်တိုက်ခိုက်လိုကြောင်း ပြောနေကြသည်ဟု ဘီလာရုစ်သမ္မတနှင့် ပူတင်တို့ ပြီးခဲ့သည့်သီတင်းပတ်ကတွေ့ဆုံစဉ်တွင် ဘီလာရုစ်သမ္မတက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here