ဆန်စက်များမှ ထွက်ရှိသည့် စပါးခွံများကို Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ရမည်

0
188

ဆန်စက်များမှ ထွက်ရှိသည့် စပါးခွံများ အလဟသမဖြစ်စေရန် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲရေးနှင့်ပတ်သက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ စပါးခွံ Gasifier သုံး “ရဲထွန်း” ဆန်စက်ရှိ Gasifier စက်ရုံများကို ဇူလိုင် (၂၇)ရက်က ဒု -ဝန်ကြီး ဒေါက်တာအောင်ဇေယျမှ ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များကို အကျိုးရှိစွာသုံးစွဲရန်လိုအပ်ကာ ဆန်စက်များမှ ထွက်ရှိလာသည့်စပါးခွံများကို အလဟသမဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရန်တိုက်တွန်းခဲ့သည်။

ထိုသို့ ပြုလုပ်ရာ၌ ကောင်းမွန်သောနိုင်ငံ၏ ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့်
ကျန်းမာ‌ရေးဆိုးကျိုးများမရှိစေရန် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့နောက် ဒု-ဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကာ သနပ်ပင်မြို့ နယ်ရှိ “တော်ဝင်ဟင်္သာ”ဆန်စက်တွင် စပါးခွံလောင်စာသုံး Gasifier စက်ရုံနှင့် စပါးခွံလောင်စာတောင့် ပြုလုပ်နေမှုတို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here