အကြားအာရုံမသန်စွမ်း ကလေးများအတွက် ဆရာဖြစ်သင်တန်းဖွင့်မည်

0
187

ရန်ကုန်မြို့ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းက ကြီးမှူး၍ အကြားအာရုံမသန်စွမ်းသည့် ကလေးများအတွက် ဆရာဖြစ်သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆရာဖြစ်သင်တန်းကို လာမည့် စက်တင်ဘာ (၁၅) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်အထိ တစ်နှစ်ခွဲကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်ဖြစ်ပြီး အသက် (၂၅) နှစ်မှ (၄၀) နှစ်အတွင်း ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် Disability Concepts ၊ Sign Language နှင့် Child Psychology စသည့်ဘာသာရပ်များကို စာတွေ့အပြင် လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင် တန်းတက်ရောက်လိုသူတွေအနေဖြင့် အမှတ် ၂၊ သံတမန်လမ်း၊ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ မေရီချက် (ပ်) မင်း နားမကြားသောကလေးများကျောင်းတွင် လျှောက်လွှာထုတ်ယူပြီး စက်တင်ဘာလ (၁) ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသည် မြန်မာနိုင်ငံရှိ နားမကြားသော ကလေးများအတွက် ပထမဆုံးကျောင်းပင် ဖြစ်သည်။

Photo credit – Mary Chapman School for the Deaf


LEAVE A REPLY

Please enter your comment!
Please enter your name here