မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်း မြို့နယ်အချို့ရှိ ကားလမ်းမများပေါ် ရေကျော်နေ

0
191

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်း မြို့နယ်အချို့ရှိ ကားလမ်းမများပေါ်၌ ရေကျော်မှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၃၀ ရက်၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာအနီး၊ သံဖြူဇရပ်-စက်စဲကားလမ်းပေါ်တွင် ရေကျော်လျက်ရှိ၍ သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၅/၁)နှင့် (၃၅/၂)ကြားတွင် ကားလမ်းပေါ်သို့ ရေအမြင့်(၂)ပေခန့် ရေကျော်လျက်ရှိ၍ မုဒုံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here