ဘားအံ – သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
390

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံ – သံလွင်တံတား စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ ဇူလိုင်လ ၃၁ ရက်နံနက်ပိုင်း‌က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပေါက်ကွဲမှုသည် ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုသည်ပြင်းထန်ကာ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများလည်းရှိကြောင်း ကနဦးသိရသည်။

” ကျွန်တော်တို့အဖွဲ့နဲ့တော့ ဖြစ်စဉ်ကဝေးတယ်၊ ကျွန်တော်တို့ ကြားတာကတော့ ကားပေါ်ကနေပေါက်တာလို့ပြောတယ်၊ သေဆုံးသူလည်းရှိတယ်ဆိုလို့ အခြားမိတ်ဘက်အသင်းတွေကတော့ ကူညီကယ်ဆယ်ရေးလုပ်ဖို့ ထွက်ခွာသွားပါပြီ” ဟု ကရင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့၀င်တစ်ဦိးက အတည်ပြု ပြောဆိုသည်။

ဘားအံ – သံလွင်ဂိတ်သည် လက်ရှိကာလတွင် စစ်ဆေးရေးတင်းကြပ်သည်ဟု နာမည်ကြီးနေသည့် ဂိတ်တစ်ခုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကာ လက်ရှိအချိန်တွင် ဖြတ်သန်း သွားလာမှုကို ခေတ္တပိတ်ထားကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here