မြေမျက်နှာပြင်မရွေး မောင်းနှင်နိုင်တဲ့ ၁၈ ဘီးတပ်ယာဉ်ကို ဖင်လန်ကုမ္ပဏီ တီထွင်

0
148

ဖင်လန်နိုင်ငံက 18Wheels Inc.ဟာ မြေမျက်နှာပြင်မရွေး မောင်းနှင်နိုင်တဲ့ ဘီးတပ် ATV ယာဉ်မျိုးကို တီထွင်ခဲ့ပါတယ်။ ဒီဇိုင်းပုံသဏ္ဍာန် အလွန်ထူးခြားပြီး ပုံမှန် ATV ယာဉ်တွေထက် အဆပေါင်းများစွာ ပိုသာတယ်ဆိုတဲ့ ဒီ ၁၈ ဘီးယာဉ်ဟာ ကင်းနားသန် အကောင်လေးတွေကို နမူနာယူပြီး ဖန်တီးခဲ့တာပါ။

ယာဉ်ရဲ့ အပေါ်ပိုင်းကိုတော့ နှင်းထုပေါ်မောင်းတဲ့ယာဉ်နဲ့ တူတဲ့ ကိုယ်ထည်မျိုးတပ်ဆင်ထားပြီး အောက်ပိုင်းကိုတော့ သေးငယ်တဲ့ ဘီးလုံးလေး ၁၈ ဘီး တပ်ဆင်ထားပါတယ်။ ဒီဘီးလုံးလေးတွေကြောင့် အဖုအထစ်များပြီး ကြမ်းတမ်းလှတဲ့ လမ်းတွေမှာတောင် ချောချောမွေ့မွေ့ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် အတားအဆီးတွေနဲ့ တိုက်မိတဲ့အခါ အရှိန်ကို ပုံမှန် ATV ယာဉ်တွေထက် ဆယ်ဆ လျော့နည်းအောင် လုပ်ပေးနိုင်ပြီး ဖြတ်မောင်းသွားတဲ့ မြေပြင်ပေါ်မှာလည်း ဘီးရာကြီးတွေ ထင်ကျန်မနေခဲ့ဘူးလို့ သိရပါတယ်။

“ကျွန်‌တော်တို့ရဲ့ ယာဉ်ဟာ အတားအဆီး အကြီးကြီးတွေကိုတောင် အမြန်နှုန်း မြင့်မြင့်နဲ့ ဖြတ်ကျော်မောင်းနှုန်းနိုင်ပါတယ်။ လုံးပတ် ၁၄ လက်မလောက်ရှိတဲ့ လဲကျနေတဲ့ သစ်ပင်တွေပေါ် ဖြတ်မောင်းသွားနိုင်သလို လှေကားတွေပေါ်လည်း မောင်းနှင်ပါတယ်။ ကျွန်တော်တို့ရဲ့ ယာဉ်လိုမျိုး လှေကားတွေပေါ် မောင်းနှင်နိုင်တဲ့ယာဉ်ဟာ ဒီကမ္ဘာပေါ်မှာ မရှိဘူးဆိုတာ အတပ်ပြောရဲပါတယ်” ဟု ကုမ္ပဏီတည်ထောင်သူ အဲလ်ဒါ အလိ့ဗ် က ပြောလာပါတယ်။

ဒီ ၁၈ ဘီးတပ် ATV ယာဉ်ရဲ့ ရှေပြေးပုံစံကို ပြီးခဲ့တဲ့နှစ်ကတည်းက ချပြခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်ကမှ နာမည်ကြီးလာတာပါ။ ဒီယာဉ်နဲ့အတူ မြေမျက်နှာပြင်အမျိုးမျိုးပေါ် မောင်းနှင်ပြထားတဲ့ ဗီဒီယိုကိုတော့ Youtube မှာကြည့်နိုင်ပါတယ်။ စီးပွားဖြစ် ထုတ်လုပ်ရောင်းချမယ့် ယာဉ်မျိုးကိုတော့ ဒီနှစ် အောက်တိုဘာလရောက်ရင် ချပြသွားမယ်လို့ အလိ့ဗ်က ဆိုပါတယ်။

Source: OddityCentral


LEAVE A REPLY

Please enter your comment!
Please enter your name here