ပြင်ဦးလွင်တွင် ကုန်တင်ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ် အက်စစ် ၇၂၀၀ လီတာ ဖမ်းဆီးရမိ

0
138

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကုန်တင်ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်စစ် ၇၂၀၀ လီတာကို ဇူလိုင်လ (၂၉) ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် (၈) နာရီခွဲ အချိန်ခန့်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ လားရှိုး – မန္တလေးသွားကားလမ်း၊ ရေငယ်လမ်းဆုံတွင် အိုက်ဆမ် မောင်းနှင်လာသည့် MITSUBISHI FUSO အမျိုးအစား (၁၂) ဘီး မော်တော်ယာဉ်အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ပလတ်စတစ်ပီပါများ အတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ် အက်စစ် ၇၂၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၄၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သိမ်းဆည်းရမိခဲ့သည့်အတွက် အိုက်ဆမ် (၃၅) နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here