မူဆယ်တွင် ရေတွင်းထဲ အမှိုက်ဆင်းဆယ်သည့်အမျိုးသားနှစ်ဦး အောက်စီဂျင်ပြတ်သေဆုံး

0
163

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ရေတွင်းထဲ အမှိုက်ဆင်းဆယ်သည့်အမျိုးသားနှစ်ဦး အောက်စီဂျင်ပြတ်သေဆုံးမှု ယမန်နေ့ ဇူလိုင်လ ၃၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၊ဆင်ဖြူပေါက်အနီး တက်ခမ်းဟိုတယ်အနောက်ရှိ ရေတွင်းအတွင်းသို့ ရွှံနှင့်အမှိုက်သရိုက်များ ဆင်းဆယ်သော အမျိုးသားနှစ်ဦး ရေတွင်းထဲတွင် အောက်စီဂျင်ပြတ်သေဆုံးခြင်းဖြစ်ကြောင်း သဒ္ဓါဖြူစင်ပရဟိလူမှုကူညီရေးအသင်းထံမှ သိရသည်။

” ရေတွင်းထဲ ဆင်းသွားတဲ့တစ်ယောက်ဆီက အဆက်အသွယ်မရလို့ အပေါ်ကတစ်ယောက်ကလိုက်ဆင်းရင်းနဲ့ အခုလိုဖြစ်သွားတာ၊ သတင်းကြားသိသိချင်း မိတ်ဖက်ပရဟိတအသင်းနဲ့ ဆေးရုံပို့ခဲ့ပေမယ့် အသက်မမှီလိုက်ဘူး” ဟု ကယ်ဆယ်ရေးတွင်ပါ၀င်ခဲ့သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့ကြောင့် အောက်ဆီဂျင်ပြတ်သေဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအား မူဆယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သဒ္ဓါဖြူစင်ပရဟိတလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here