ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြော

0
189

လူတစ်ဦးချင်း၏ စီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှ တိုင်းပြည် သာယာဝပြောမည်ဖြစ်သည့်အတွက် နစက အစိုးရအနေဖြင့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ ဇူလိုင် (၃၁) ရက်နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြီးခဲ့သည့် (၆) လ သက်တမ်းအတွင်း တိုင်းပြည်၏ အခြေအနေကို တင်ပြဆွေးနွေးစဉ် ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တင်ပြရာတွင် နစက အစိုးရအနေဖြင့် စီးပွားရေးအရ ဘက်စုံတိုးတက်မှုများ ရရှိလာစေရေးအတွက် ရည်မှန်းချက်များ ချမှတ်ပြီး ဦးတည်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျဆင်းခဲ့သည့် စီးပွားရေး အခြေအနေမှ
ရုန်းထွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ – ၂ဝ၂၃ ဘဏ္ဍာရေးနှစ်တွင် GDP တိုး တက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄
ဘဏ္ဍာရေးနှစ်တွင် GDP ၄ ရာခိုင်နှုန်း ခန့်အထိ တိုးတက်မည်ဟု မျှော်မှန်းထားပြီး ယင်းကဲ့သို့ မျှော်မှန်းထားသည့်အတိုင်း ဘဏ္ဍာရေးတိုးတက်မှုရှိလာစေရန် ဆောင်ရွက်နေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပမှတင်သွင်းမှုများကို အတတ်နိုင်ဆုံးလျှော့ ချပြီး ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်ရန် အရေးကြီးသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံအတွက် သေချာခိုင်မာသည့် စီးပွားရေးလုပ် ငန်းနှင့် ကုန်ထုတ်လုပ်မှုသည် စိုက်ပျိုးမွေးမြူရေးလုပ်င န်းပင် ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အခြေခံသည့် MSME စက်မှုလုပ်ငန်းများကို အား ပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တင်ပြဆွေးနွေးခဲ့သည်။

ထို့အပြင် နစက အစိုးရ လက်ထက်အတွင်း ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုတိုးတက်ရေးအတွက် သီး သန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေး မြှင့်တ င်နိုင်ရန် စီမံဆောင်ရွက်ခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးက ဒေသ ၂၆ ခုတွင်ရှိ သည့် MSME လုပ်ငန်းရှင်များနှင့် ၂၆ ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး တင်ပြချက် (၂၃၀) ကျော်ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လည်း ၎င်းကဆိုသည်။

MSME လုပ်ငန်းများတွင် ပိုမိုတိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁
ကျောင်းကို ဖွင့်လှစ်ပေးပြီးဖြစ်သကဲ့သို့ လာမည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ကျန်ခရိုင် ၇၅ ခုတွင် ကျောင်းများ ဆက်လက် ဖွင့်လှစ်သွားရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်း တင်ပြသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here