တောင်ကိုရီးယား၌ အပူဒဏ်နှင့်ဆက်စပ်သည့်ရောဂါကြောင့် တစ်ပတ်အတွင်း လူ ၁၁ ဦးသေဆုံး

0
142

ဆိုးလ်၊ဇူလိုင် ၃၁

တောင်ကိုးရီးယား၌ ပြီးခဲ့သည့်သီတင်းပတ်အကုန်က အပူနှင့်ဆက်စပ်သည့်ရောဂါများကြောင့် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟုအာဏာပိုင်များက တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

အပူနှင့်ဆက်စပ်သောရောဂါများကြောင့်သေဆုံးသူအများစုမှာအသက် ၇၀ နှင့်အထက်လူများဖြစ်သည်ဟုသိရသည်။

စနေနေ့တစ်ရက်တည်းတွင် အပူဒဏ်ကြောင့် လူခုနစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ကပြောကြားခဲ့ပြီး တနင်္ဂနွေနေ့တွင်မူနောက်ထပ်လေးဦးထပ်သေဆုံးခဲ့ကြောင်းလည်းသိရသည်။

မေလ ၂၀ ရက်မှ ဇူလိုင် ၂၉ ရက်အတွင်း အပူနှင့်ဆက်စပ်သောဖျားနာမှုဖြစ်ပွားသူ စုစုပေါင်း ၁,၀၁၅ ဦးရှိခဲ့သည်ဟုလည်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here