ပရီးမီးယားလိဂ်သမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး ပေါင်သန်း ၉၀၀ တန် စာချုပ်

0
130

အင်္ဂလန်ထိပ်သီးဘောလုံးအသင်းဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ ဂျာမန် အားကစားကုမ္ပဏီ adidas တို့ ပရီးမီးယားလိဂ်သမိုင်းတလျှောက် တန်ဖိုးအကြီးမားဆုံးအဖြစ် ပေါင်သန်း ၉၀၀ တန် စာချုပ် ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။

မန်ယူနိုက်တက်နဲ့ adidas တို့ဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ နောက်ထပ် ၁၀ နှစ် သက်တမ်းတိုး ချုပ်ဆို လိုက်တာဖြစ်ပြီး ဆယ်နှစ်တာအတွက် ယူနိုက်တက်တို့ သန်း ၉၀၀ အထိ စပွန်ဆာကြေးရရှိမယ့်အပြင် အောင်မြင်မှုပေါ်မူတည်ပြီး ထပ်တိုးရရှိနိုင်ချေရှိတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းနဲ့ adidas တို့ရဲ့ ပေါင်သန်း ၉၀၀ တန် နှစ်ရှည်စာချုပ်သစ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် တန်ဖိုးအကြီးမားဆုံး စာချုပ်ဖြစ်လာခဲ့ပါတယ်။

ဂျာမန်အားကစားကုမ္ပဏီကြီးဖြစ်တဲ့ Adidas ဟာ 2015/16 ရာသီမှစပြီး မန်ချက်စတာယူနိုက်တက်ရဲ့တရားဝင် စပွန်ဆာအဖြစ်ပြန်လည်ပူးပေါင်းခဲ့ကာ စာချုပ်သစ်အရ ၂၀၃၅ မှသာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here