မလေးရှားသင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံးသူ အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပြီး စုစုပေါင်း (၆) ဦးတွေ့ရှိထား

0
150

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မလေးရှားရေပိုင်နက်အတွင်း ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်စဉ်မှ ပျောက်ဆုံးနေသူများအနက် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ (၆) ဦး တွေ့ရှိထားပြီးဖြစ်ကြောင်း မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းရုပ်အလောင်းတစ်လောင်းအား ယမန်နေ့ ဇူလိုင်လ ၃၁ ရက်တွင် ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များအနေဖြင့် ရေပြင်၊ ဝေဟင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို ဇူလိုင်လ ၂၀ ရက်မှစတင်ပြီး ဆက်တိုက်လုပ်ဆောင်ခဲ့ကြရာ ဇူလိုင်လ ၃၁ ရက်အထိ သေဆုံးသူရုပ်အလောင်း စုစုပေါင်း (၆) ‌ဦး တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံတွေ့ရှိရသည့် ရုပ်အလောင်းသည် သင်္ဘောဝမ်းဗိုက်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းကို စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မလေးရှားနိုင်ငံ၊ ဆာရာဝပ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ကျန်ရှိသည့် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနိုင်ရေး သင်္ဘောဝမ်းဗိုက်အတွင်းမှ ရေများကို စုပ်ထုတ်နေပြီး အင်ဂျင်ခန်းအတွင်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

Photo-Maritime Malaysia


LEAVE A REPLY

Please enter your comment!
Please enter your name here