ဒေါ်အောင်ဆန်းစုကြည်အားပြစ်ဒဏ်မှ ၆ နှစ်လျော့၊ သမ္မတဟောင်းဦးဝင်းမြင့် ပြစ်ဒဏ်အား ၄ နှစ်လျော့​ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်း​ပြော

0
305

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းရွှေ့ရန် တစ်စုံတစ်ရာကြားသိရခြင်းမရှိသေး

နစက မှ ဒေါ်အောင်ဆန်းစုကြည်အား ကျခံနေရသည့်ပြစ်ဒဏ်များမှ ၆ နှစ်အားလျော့ပေါ့ပေးခဲ့သည့်အပြင် အကျဥ်းသား၊အကျဥ်းသူ ၇၇၄၉ ဦးကိုလည်း ခံဝန်လက်မှတ်ရေးထိုး၍ ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်လျော့ပေါ့ပေးရာတွင် ၎င်းအားတရားစွဲဆိုထားသည့် ပုဒ်မများအနက်မှ ပုဒ်မ ၅၀၅ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုထားမှာ သဘာဝဘေးစီမံ ၂၅ ဖြင့်တရားစွဲဆိုထားတာ ၂ မှု၊ ဆက်သွယ်ရေးဥပဒေဖြင့်တရားစွဲဆိုထားမှုပို့ကုန်သွင်းကုန်ဖြင့်တရားစွဲဆိုထားမှုများမှ ၆ နှစ်အားပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

“အကျဥ်းသားပေါင်း ၇၇၄၉ ဦးကိုခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပါတယ် နောက်ပြီး ထောင်ဒဏ်ကျခံနေရတဲ့ EAO အဖွဲ့ဝင် ၂၂ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ် အဲဒီထဲမှာဆိုရင် TNLA တို့ AA တို့လည်းပါတယ် တရားစွဲဆိုခံထားရတဲ့ EAO ၇၂ ဦးကိုလည်း ပြန်ပြီးရုတ်သိမ်းပေးခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား ၁၂၅ ဦးအားပြန်လွှတ်ပေးခဲ့ကာ သမ္မတဟောင်းဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ် ၄ နှစ်လျော့ပေးခဲ့ကြောင်း သိရသည်။

“သမ္မတဟောင်းဦးဝင်းမြင့်ကို တရားစွဲဆိုထားတဲ့ သဘာဝဘေးစီမံအတွက်က ၂ နှစ်၊ ၅၀၅(ခ)နဲ့က ၂ နှစ်(စုစုပေါင်း ပြစ်ဒဏ် ၄ နှစ်)လျော့ပေးခဲ့ပါတယ်၊ နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းရွှေ့ပေးဖို့ဆိုတာ ကျွန်တော်အရင်ကဖြေကြားခဲ့တဲ့အတိုင်းပဲ တစ်စုံတစ်ရာကြားသိရခြင်းမရှိသေးပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here