ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် (၂၂) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပြု

0
223

နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည့်စည်းကမ်းချက်ပါဝင်

အကျဥ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် (၂၂) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၂/၂၀၂၃ ၊ ဩဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သူများမှာ

MNDAA လက်နက်ကိုင်အဖွဲ့မှ အဆီးဖ(ဘ) ဦးအဆားဖ လရ/၂၂/၀၀၅၇၇/က ၊

TNLA လက်နက်ကိုင်အဖွဲ့မှ အိုက်ညို့ (ခ) ကျော်ညို့ (ဘ) ဦးစံဟ မတလ / ၂၁ /၀၁၇၆၀/က ၊ အိုက်ကျန် (ခ) လွင်ကျော် (ဘ) ဦးအိုက်ရွှေ မတလ / ၂၁ /၀၁၇၆၁/က ၊ ထွန်းဝင်း (ခ) အိုက်ဝင်း (ဘ) ဦးပန်းမာန် မတလ / ၂၁ /၀၁၇၆၂ /က ၊ အိုက်ရွှေ (ဘ) ဦးပန်းငြိမ်း သပ / ၂၂ /၀၀၀၆၃ /က ၊ တောင်တျန်း (ဘ) ဦးပန်းငြိမ်း သပ / ၂၂ /၀၀၀၆၄ /က ၊ အိုက်စိန် (ဘ) ဦးဒေဘီလ သပ / ၂၂ /၀၀၀၆၅ /က ၊ အိုက်နိုင် (ခ) အနိုင် (ဘ) ဦးကျော်ဇော သပ / ၂၂ /၀၀၀၉၉ /က ၊

SSPP/SSA လက်နက်ကိုင်အဖွဲ့မှ ကော်ခမ်း (ဘ) ဦးထွန်းရွှေ လရ/၂၂/၀၀၂၈၈/က၊  အိုက်လွတ် (ဘ) ဦးထွန်း လရ/၂၂/၀၀၂၈၉/က၊ ကျော်ထွန်း (ခ) အိုက်ထွန်း (ခ) လွယ်ကန် (ဘ) ဦးထွန်းဩ သပ/၂၁/၀၀၁၂၄/က၊

MNDAA လက်နက်ကိုင်အဖွဲ့မှ အိုက်ညီး(ဘ) ဦးညီမိန်း  လရ/၂၂/၀၀၅၇၈/က၊ 

TNLA လက်နက်ကိုင်အဖွဲ့မှ အာကာစိုး(ခ) အိုက်နွေ့(ဘ) ဦးဂွင်ဂျန်း လရ/၂၂/၀၁၀၉၀/က၊ အိုက်မန်း (ဘ) ဦးအိုက်ဆွဲ လရ/၂၂/၀၀၂၇၆/က၊ အိုက်ညို့ (ဘ) ဦးအောင်ဆာ လရ/၂၂/၀၁၀၉၁/က၊ ထွန်းမောင်(ခ)အိုက်ရိန်း (ဘ) ဦးအိုက်ဆာ လရ/၂၃/၀၀၂၁၁/က၊ မောင်မောင်စံ (ခ) မောင်ကျမ် (ဘ) ဦးအိုက်တုန် (ခ) ဆွယ်ခိုင် လရ/၂၂/၀၁၂၀၁/က၊ ကာလိန် (ခ) မောင်လေး (ဘ) ဦးအိုက်ယွင်း လရ/၂၂/၀၁၂၀၀/က၊ အိုက်တီး (ဘ) ဦးအိုက်လော့ လရ/၂၃/၀၀၆၁၅/က၊ အိုက်မွန်း (ဘ) ဦးအိုက်ကျန်  လရ/၂၃/၀၀၆၁၆/က၊  အိုက်လော့ (ခ) အောင်ကျော် (ဘ) ဦးအိုက်လွှဲ လရ/၂၃/၀၀၆၁၇/က၊ 

AA လက်နက်ကိုင်အဖွဲ့မှ အောင်နိုင်မြင့် (ဘ) ဦးချစ်မောင် သတ/၂၃/ ၀၀၃၈၉/က တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here