မန္တလေးဗဟိုအကျဥ်းထောင်မှ အကျဥ်းသား၊အကျဥ်းသူ ၇၅၁ ဦးလွတ်ငြိမ်းချမ်းသာခွင့်ရ

0
221

မန္တလေးဗဟိုအကျဥ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူများအနက် အကျဥ်းသား၊အကျဥ်းသူ ၇၅၁ ဦးသည် သြဂုတ် ၁ ရက်(ယနေ့)တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်ပြန်လည်လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသည့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်း သား ၆၃၈ ဦး၊ အကျဉ်းသူ ၁၁၃ ဦး(စုစုပေါင်း ၇၅၁ ဦး)အား မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်တို့ကတွေ့ဆုံ၍ ဆုံးမဩဝါဒစကားများပြောကြားခဲ့ကြသည်။

ထို့နောက် အကျဉ်းသား၊အကျဉ်းသူများအား ကျန်းမာရေးစစ်ဆေးပေးကာ နေတွက်စရိတ်နှင့်ခရီးစရိတ်တို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ယနေ့တွင် မန္တလေးတိုင်းရှိ အကျဉ်းထောင်(၅)ခုနှင့်အလုပ်စခန်း(၇)ခုတို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် အကျဥ်းသား၊အကျဥ်းသူ(၁၃၃၆)ဦးရှိခဲ့ကြောင်း သိရသည်။

နစက မှ ဒုတိယဝါဆိုလပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကို အလေးထား သည့်အနေဖြင့် အမိန်အမှတ်(၅၁/၂၀၂၃)အရ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင်ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/အကျဥ်းသူ ၇၇၄၉ ဦးကို ယနေ့တွင် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here