မုံရွာ-မန္တလေးလမ်းပေါ်တွင် တွဲကားအား Canter ကားက နောက်မှဝင်တိုက်၊အမျိုးသား (၂) ဦး သေဆုံး

0
190

ဩဂုတ်လ ၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၂၅ မိနစ်အချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပုဂံရပ်ကောင်းမှုတော်ဘုရားအနောက်ဘက်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မန္တလေးဘက်သို့မောင်းနှင်နေသော Nissan အမျိုးအစား တွဲကား(အဖြူရောင်)ယာဉ်အား လားရာတူမောင်းနှင်နေသော Canter(အဖြူရောင်)ယာဉ်က နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ကြက်သွန်နီအိတ်များ သယ်ဆောင်လာသည့် Canter(အဖြူရောင်)ယာဉ်မှ ယာဉ်မောင်းနှင့် အမျိုးသား တစ်ဦး၊ စုစုပေါင်း (၂) ဦးတို့သည် ကားခေါင်းခန်းအတွင်း ညပ်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို စစ်ကိုင်းခရိုင်မီးသတ်စခန်းနှင့် စစ်ကိုင်းမြို့နယ် မီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှ Canter ယာဉ်အတွင်း ညပ်နေသူ အမျိုးသား (၂)ဦး(သေဆုံး)ကို စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here