တရုတ်နှင့် UAE လေတပ်များ ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မည်

0
181

တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံတို့၏ လေတပ်များသည် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Falcon Shield ၂၀၂၃ ဟု အမည်ပေးထားသော အဆိုပါ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင့်ကျန်(ဝီဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဝေဟင်တွင် ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံတို့အကြား လက်တွေ့ကျသည့် အပြန်အလှန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြင့်မားစေရန်အတွက် ယခုကဲ့သို့ ပူးတွဲလေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here