မြန်မာသံအဆိုတော် ပိုင်သက်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

0
244

ထောင်ဒဏ် (၃) နှစ် ချမှတ်ခံထားရသည့် မြန်မာသံအဆိုတော် ပိုင်သက်ကျော် ယမန်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဩဂုတ်လ (၁) ရက် ဝါဆိုလပြည့်နေ့က နစက၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများပြန်လည်လွတ်မြောက်လာခဲ့ရာတွင် အဆိုတော် ပိုင်သက်ကျော်လည်း ပြန်လည်ပါဝင်လာခြင်း ဖြစ်သည်။

” ပိုင်သက်ကျော် ပြန်လွတ်တာ ဟုတ်ပါတယ်။ အထဲမှာလည်း ဆုံခဲ့တယ်။ သူ့ရဲ့အဝတ်အစားတွေကိုတောင်သူများတွေကို ပြန်လှူနေသေးတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့် ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ယမန်နေ့ ညနေပိုင်းက ပြောထားသည်။

အဆိုတော် ပိုင်သက်ကျော်အား အင်းစိန်ထောင်ရှေ့တွင် လာရောက်ကြိုဆိုသည့် သူငယ်ချင်းဖြစ်သူများကလည်း အဆိုတော် ပိုင်သက်ကျော် ပြန်လည်လွတ်မြောက်မှုကို အတည်ပြုကြောင်း ယမန်နေ့ ညနေပိုင်းကပင် အတည်ပြုပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here