သာကေတ မြင်တော်သာလမ်းမကြီးပေါ်ရှိ ဓာတ်တိုင်ပေါ်မှ Wifi ကြိုးတက်ရောက်ပြုပြင်သည့် အမျိုးသား ၃ ဦးဓာတ်လိုက်မှုဖြစ်ပွား

0
170

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးပေါ် ဘုရားလမ်းထိပ်ရှိ လျှပ်စစ်ဓာတ်တိုင်ပေါ်မှ Wifi ကြိုးအားတက်ရောက်ပြုပြင်သည့် အမျိုးသား ၃ ဦး ဓာတ်လိုက်ခံခဲ့ရမှု သြဂုတ် ၂ ရက်ညနေ ၄ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ဓာတ်လိုက်ခံရတဲ့လူ ၃ ယောက်ရှိတယ်လို့ ဖုန်းဆက်အကြောင်းကြားလို့သွားပြီးကူညီပေးခဲ့ပါတယ် ၃ ယောက်လုံးက ဒဏ်ရာတွေရထားပေမယ့် စိုးရိမ်ရတဲ့အခြေအနေမရှိပါဘူး”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

ဖြစ်စဥ်ကြောင့် အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသား ၂ ဦးမှာ လက်ကျိုး၊အရေပြားလောင်ကျွမ်းနှင့် မေးစေ့ကွဲဒဏ်ရာများ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသား ၁ ဦးမှာ ခြေထောက်ထိခိုက်ဒဏ်ရာတို့ရရှိခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရသူများအား ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း၊အောင်သပြေလူမှုကူညီရေးအသင်းတို့မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here