ဩဂုတ်တစ်လလုံး ကျိုက်ထို- ရန်ကုန် ခရီးစဉ်ကို ရိုးရိုးလေး Express က အခမဲ့ ပြေးဆွဲပေးမည်

0
375

မိုးရာသီပရိုမိုးရှင်းအဖြစ် ဩဂုတ်တစ်လလုံး ကျိုက်ထို- ရန်ကုန်အခမဲ့ခရီးစဉ်ကို ရိုးရိုးလေး Express ယာဉ်လိုင်းမှ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။

ရိုးရိုးလေး ယာဥ်လိုင်းမှ (ကျိုက်ထို မှ ရန်ကုန်)သို့ ခရီးစဥ်အား နေ့စဥ် ၁၀ နာရီ၊ ၁၁ နာရီခွဲ၊ ၁၂ နာရီခွဲအချိန်များတွင် August လတစ်လလုံး လက်မှတ်ခ အခမဲ့(Free) ဖြင့် မိုးရာသီအထူး ပရိုမိုးရှင်း(1)လ ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါပြေးဆွဲပေးဖို့ အစီအစဉ်မှာ ကျိုက်ထို- ရန်ကုန် ခရီးစဉ်သာ ပြေးဆွဲသွားမည်ဖြစ်ပြီး အခြားခရီးစဉ်များမှာ၎င်းအစီအစဉ်တွင် ပါဝင်မည်မဟုတ်ကြောင်းကိုလည်း ၎င်းယာဉ်လိုင်းက အသိပေးကြေညာမှုတွင်ဖော်ပြထားသည်။

ရိုးရိုးလေး Express အနေဖြင့် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊ ကျိုက်မရော၊ချောင်းဆုံစသည့် ခရီးစဉ်များကိုလည်း ခရီးသည်နှင့်ကုန်ပစ္စည်းများ တင်ဆောင်ကာ ပြေးဆွဲပေးနေခြင်းဖြစ်သည်။

Photo-ရိုးရိုးလေးယာဉ်လိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here