Blackpink အဖွဲ့ဝင် Jisoo နှင့် မင်းသား Ahn Bo Hyun တို့၏ relationship သတင်း နှစ်ဖက်အေဂျင်စီများအတည်ပြု

0
310

ဆိုးလ်၊ဩဂုတ် ၃

ကမ္ဘာကျော်တောင်ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ Blackpink ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jisoo သည် တောင်ကိုရီးယား၏နာမည်ကျော်သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်သည့် Ahn Bo Hyun နှင့် တရားဝင်တွဲနေကြပြီဖြစ်ကြောင်း နှစ်ဖက်အေဂျင်စီများကအတည်ပြုပြောကြားခဲ့သည်။

Jisoo ၏အေဂျင်စီဖြစ်သည့် YG Entertainment ကမူ ၎င်းတို့နှစ်ဦးသည် အပြုသဘောဆောင်သည့်ခံစားချက်များဖြင့် တစ်ဦးနှင့်တစ်ဦးနားလည်လာကြသဖြင့် ယခုကဲ့သို့ တရားဝင်ထုတ်ဖော်လိုက်ခြင်းဖြစ်ပြီး နှစ်ဦးစလုံးအားဆက်ချစ်ခင်အားပေးရန်ဆိုခဲ့သည်။

၎င်းတို့နှစ်ဦးသည်တွဲခါစသာရှိသေးပြီး အများအားဖြင့် Jisoo ၏အိမ်၌သာတွေ့လေ့ရှိကြောင်းလည်းသိရသည်။နှစ်ဦးစလုံးသည် သရုပ်ဆောင်၊အဆိုနှင့်ဖက်ရှင်ဝါသနာပါခြင်းများလည်းတူညီကြသည်ဟုဆိုသည်။

Jisoo သည်အသက် ၂၈ နှစ်အရွယ်ဖြစ်ပြီး Ahn Bo Hyun ကမူ အသက် ၃၅ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။လက်ရှိအချိန်၌မူ Blackpink အဖွဲ့ထဲတွင် Jisoo တစ်ဦးတည်းသာ တရားဝင် relationship ကိုကြေငြာထားသူဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here