မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုပမာဏတိုး

0
214

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ၉၀ ရာခိုင်နှုန်းကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် စုစုပေါင်းကုန်သွယ်မှု (Volume of trade) ယမန်နှစ် ကာလတူထက်တိုးတက်လာသည်ကိုစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၅၃၈ ဒသမ ၉၄၂ သန်း၊ သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၂၅၃ ဒသမ ၂၄၀ သန်း စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၇၉၂ ဒသမ ၁၈၂ သန်းရရှိထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်နှစ်ကာလတူတွင် ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၅၅၃ ဒသမ ၃၃၁ သန်း၊ သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၇၃ ဒသမ ၄၂၃ သန်းရရှိထားပြီး စုစု​ပေါင်း ကုန်သွယ်မှုပမာဏ ၆၂၆ ဒသမ ၇၅၄ ဖြစ်ကြောင်း ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။ကုန်သွယ်မှု ပမာဏ များ​လေ အခွန်ရရှိမှုတိုးတက်စေ​လေဖြစ်သည်။

လက်ရှိတွင် မူဆယ်နယ်စပ်ဂိတ်မှ ဆန်၊ ဆန်ကွဲမှလွဲ၍ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိကြောင်းနှင့် ယင်းအပြင် သွင်းကုန်တင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here