မြန်အောင်မြို့တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျ၍ မြစ်ကမ်းအနီးရှိ အိမ်ထောင်စု (၅) စုအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

0
205

ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုကမ်းနားတန်းတွင် သြဂုတ် (၂) ရက်ညပိုင်းက ဧရာဝတီမြစ်ကမ်းပါးပြိုကျခဲ့သဖြင့် မြစ်ကမ်းအနီးက အိမ်ထောင်စု (၅) စုအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

“ဧရာဝတီ မြစ်ကမ်းပါးပြိုကျတော့ ကမ်းပါးပြိုကျတဲ့ နားမှာနေတဲ့ အိမ်ထောင်စု (၅)စုကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတာပါ။ လူကြီး (၁၂) ယောက်နဲ့ ကလေး (၅) ယောက်ပါ။သူတို့အိမ်တွေကိုလည်း ကမ်းပါးပြိုထဲအထဲမပါအောင် ဒီနေ့မနက်ကပဲ ဖျက်ခဲ့ရတယ်”ဟု ဒေသခံ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ ဧရာဝတီမြစ်ကမ်းပါးအနီးတွင် နေထိုင်သည့် အိမ်ထောင်စု (၅) စုအား မြန်အောင်မြို့၊အမှတ်(၁) ရပ်ကွက်ရှိ ဆည်မြောင်းဦးစီးဌာနပိုင် ယာယီရှင်းလင်းဆောင်သို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

၎င်းတို့ ယာယီပြန်လည်နေထိုင်နိုင်ရန် မြန်အောင်မြို့ရှိ မြန်မာ့မီးရထားပိုင် မြေပေါ်တွင် နေအိမ်ဆောက်လုပ်ခွင့်ရရှိရန်လည်း တာဝန်ရှိသူများက ဌာနဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်တင်ပြထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here