ရုရှားတပ်များ ရှေ့မတိုးနိုင်သော်ငြား မိမိတို့အတွက် ခက်ခဲနေဆဲဖြစ်ကြောင်း ယူကရိန်းဆို

0
279

ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းတလျှောက် ရှေ့သို့ချီတက်ရန် မတတ်နိုင်ဖြစ်နေကြသော်ငြား ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် ခိုင်မာစွာအခြေချထားကြသောကြောင့် ယူကရိန်းတပ်များအနေနှင့် အရှေ့နှင့်တောင်ဘက်သို့ ရွေ့ပြောင်းရန် ခက်ခဲနေဆဲဖြစ်ကြောင်း ယူကရိန်းအရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

Donetsk ဒေသတွင် ယူကရိန်းတို့၏ ၁၂ ကြိမ်တိုင်တိုင် တိုက်ခိုက်မှုအား မိမိတို့က ချေမှုန်းနိုင်ခဲ့ကြောင်း ရှေ့တန်းရှိ တိုက်ပွဲများနှင့်ပတ်သက်သည့် ရုရှားမှတ်တမ်းများက ဆိုသည်။

ရုရှားစစ်တပ်၏ လှုပ်ရှားမှုအများစုသည် ယူကရိန်းနိုင်ငံ Danube ဆိပ်ကမ်း Izmail တွင် ကောက်ပဲသီးနှံဆိုင်ရာ အခြေခံအဆောက်အအုံများကို ပျက်စီးစေသည့် လေကြောင်းတိုက်ခိုက်မှုများဖြစ်ကြပြီး၊ ပင်လယ်နက်အတွင်း အရပ်ဘက်သင်္ဘောတစ်စင်းကို စောင့်ကြပ်ပေးနေသော ရုရှားစစ်သင်္ဘောတစ်စီးကို တိုက်ခိုက်ရန် ကြိုးပမ်းသည့် ယူကရိန်းရေတပ်မှ မောင်းသူမဲ့လေယာဉ်တစ်စင်းအာလည်း ဖျက်ဆီးခဲ့ကြသေးသည်။

ယူကရိန်းတပ်ဖွဲ့များကမူ သိမ်းပိုက်ခံထားရသော နယ်မြေများကို ပြန်လည်ရယူရန် တန်ပြန်ထိုးစစ်တစ်ခုကို ဇွန်လတွင် စတင်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းနှင့် ရုရှားတို့ သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ကြား အဓိကကျသော တံတားကို ဖြတ်တောက်ရန်အတွက် Azov ပင်လယ်၏ တောင်ဘက်သို့ ဖိအားပေးတိုက်ခိုက်လျက်ရှိသည်။

လအတန်ကြာ တိုက်ပွဲများအပြီး မေလတွင်မူ ရုရှားတပ်များက သိမ်းပိုက်ထားသော အရှေ့ဘက်မြို့ Bakhmut အနီးရှိ နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း Kyiv မှ ပြောကြားခဲ့ပါသည်။

ရုရှားတပ်ဖွဲ့များသည် Bakhmut ဒေသတွင် ယူကရိန်းတို့၏တိုးတက်မှုကို ရပ်တန့်ရန် အပြင်းအထန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ယူကရိန်း လက်ထောက်ကာကွယ်ရေးဝန်ကြီး Hanna Maliar က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here