Max Highway ကုမ္ပဏီမှ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချနိုင်ရန်ရည်ရွယ်၍အပင်ပေါင်း (၈၀၀၀)ကျော် စိုက်ပျိုးခဲ့

0
147

Max Highway ကုမ္ပဏီမှ BOT စနစ်ဖြင့် တာဝန်ယူထားရသည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့အတွင်းရှိ လမ်းမများ တစ်လျှောက်တွင် အပင်ပေါင်း (၈၀၀၀) ကျော်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာ၌ လမ်းဧရိယာနှင့် လွတ်ကင်းသော နေရာများတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေကာ ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချနိုင်ရန် ရည်ရွယ်၍ Max Highway ကုမ္ပဏီမှ ဝန်ထမ်းများက စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Max Highway ကုမ္ပဏီသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကလည်း မြန်မာ့ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ကျွန်း၊ပျဉ်းကတိုး၊ မာန်ဂျန်ရှား၊ ပိတောက် ၊ တမာ၊ စိန်ပန်းနှင့်အခြားအပင်ကြီးပေါင်း (၈၀၀၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Max Highway ကုမ္ပဏီ အနေဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ စတင်၍ လက်ရှိအချိန်အထိ အရိပ်ရအပင်ကြီးပေါင်း (၇)သောင်းကျော်စိုက်ပျိုးကာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here