မော်လမြိုင်တွင် ၆ဘီးကုန်ကားဘရိတ်ပေါက်ပြီး ကား ၃ စီးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးအားဝင်တိုက်မိမှုဖြစ်ပွား

0
270

မွန်ပြည်နယ်၊ မော်လမြိုင်တွင် ၆ဘီးကုန်ကားဘရိတ်ပေါက်ပြီး ကား ၃ စီးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးအားဝင်တိုက်မိမှု ယနေ့ ဩဂုတ်လ ၃ ရက် နေ့လယ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်ဈေးကြိုပွဲရုံတန်း၊ ငွေဇင်ယော် (၃) လမ်း တွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က ၆ ဘီးကုန်ကားသည် ဘရိတ်ပေါက်ပြီး ၁၂ ဘီးကုန်ကား ၂ စီး၊ မှန်လုံးယာဉ်ငယ် ၁စီးနှင့် သုံးဘီးဆိုင်ကယ်၁စီး စုစုပေါင်း ယာဉ် ၄ စီးအား အနောက်မှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ်တိုက်မိမှုကြောင့် သုံးဘီး မောင်းသူ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ လူနာအားလိုအပ်သည့်များ ပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here