မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြဝတီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များ အတွင်းရေဝင်ရောက်နေ

0
220

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သြဂုတ် (၃) ရက်နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း မြဝတီမြို့အခြေ စိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

“မိုးကသည်း သည်းမည်းမည်းရွာတော့ အနိမ့်ပိုင်းရပ်ကွက်တွေက အိမ်တွေထဲကို ရေဝင်လာတာပေါ့။ လတ်တလော သွားလာလို့ ရသေးတယ်။ အများကြီးဝင်နေတာတော့ မဟုတ်သေးဘူး။ ကားလမ်းတွေပေါ်မှာလည်း ရေကျော်တာရှိတယ်”ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်၌ ရေဝင်ရောက်မှုဖြစ်ပေါ်နေသည့် မြဝတီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်များတွင် နေထိုင်သူများအား သတိပြုနေထိုင်ရန် အသိပေးမှုများပြုလုပ်ထားကာ ကားလမ်းများပေါ်၌ ရေကျော်နေမှုကြောင့် ဖြတ်သန်းသွားလာသူများ အဆင်ပြေစေရန် အသိပေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-ဘီဝမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here