ယမန်နေ့က အနားပေးလိုက်သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနေရာတွင် အစားထိုးခန့်အပ်မှုများ ပြုလုပ်

0
261

ယမန်နေ့ ဩဂုတ်လ (၂) ရက်က အနားပေးလိုက်သည့် ပြည်ထောင်စု တရားသူကြီးချုပ် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ နေရာတွင် အစားထိုးခန့်အပ်မှုများ ပြုလုပ်ကြောင်း ယနေ့ ဩဂုတ်လ (၃) ရက်တွင် နစက ကသတင်း ထုတ်ပြန်သည်။

အဆိုပါ အမိန့်ကြေညာချက်များအရ ပြည်ထောင်စုတရား သူကြီးချုပ် အဖြစ် ဦးသာဌေးအား ခန့်အပ်တာဝန်ပေးထားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါက်တာ ခင်နိုင်ဦး အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်း ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဦးအောင်သော် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးစစ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦး ၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်
ဦးပေါ်လွင်စိန်တို့အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်အဖြစ် ဒေါက်တာ ထိန်လင်းဦး အား ခန့်အပ်တာဝန်ပေး လိုက်ပြီး ဦးဗိုလ်ဗိုလ်ကျော်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း ၊ ဦးဖြိုးဇော်စိုးအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့ပြီး ဦးခင်လတ် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ဒုတိယဝန်ကြီးတာဝန်ပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အမိန့်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here