U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ – ၁၂ အသင်း ဘာစီလိုနာနှင့် တစ်အုပ်စုတည်း ကျရောက်နေ

0
454

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် လာမည့် သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ – ၁၂ အသင်းသည် ဘာစီလိုနာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စု( C )၌ ဘာစီလိုနာလူငယ်အသင်း၊ Daiwa House Dream လူငယ်အသင်း၊ JEF United Chiba U-12 လူငယ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ -၁၂ အသင်းသည် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲယှဥ်ပြိုင်ရန်အတွက် ဇူလိုင် (၂၆)ရက်တွင် ပဏာမ ကစားသမား (၄၀)ဦးမှ ဆန်ခါတင် ကစားသမား(၂၅)ဦးအား ရွေးချယ်ပြီး သု၀ဏ္ဏ အားကစားကွင်း လက်ရွေးစင်များ အဆောင်တွင် ထားရှိကာ စခန်း၀င် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆန်ခါတင်ကစားသမား (၂၅)ဦးအား လေ့ကျင့်ရေးများ ပြုလုပ်စေခြင်း၊ ခြေစမ်းပွဲများ ကစားစေခြင်းများပြုလုပ်ပြီး လာမည့် သြဂုတ် ဒုတိယအပတ်တွင် အဆိုပါ (၂၅)‌ဦးထဲမှ အကောင်းဆုံး (၁၈)ဦးကို အပြီးသတ် ရွေးချယ်ကာ ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအား သွားရောက် ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ – ၁၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ကျော်ဇံမှ ကိုင်တွယ်လျက်ရှိပြီး မြန်မာ ယူ ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

Credit- MFF


LEAVE A REPLY

Please enter your comment!
Please enter your name here