ယခုနှစ်ဆောင်းဦး၌ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ယူကရိန်းမျှော်လင့်–ဇလန်းစကီး

0
247

ကိဗ်၊ဩဂုတ် ၃

ယူကရိန်းအရေးနှင့်ပတ်သက်၍ ယခုနှစ်ဆောင်းဦးပေါက်ရာသီတွင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန်မျှော်လင့်ကြောင်း သမ္မတဇလန်းစကီးကပြောကြားခဲ့ပြီး ဆော်ဒီအာရေဗျ၌ယခုတစ်ပတ်တွင်ပြုလုပ်ခဲ့သောဆွေးနွေးမှုသည်အဆ်ုပါပန်းတိုင်သို့လျှောက်လှမ်းသည့် ခြေတစ်လှမ်း ဖြစ်ကြောင်း၎င်းကဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ဒီဆောင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ဖို့လုပ်နေပါတယ်၊ဆောင်းဦးမှာ လုပ်နိုင်ဖို့ကတော့ စောလွန်းတယ်။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအများစုပါဝင်နိုင်အောင်ပြင်ဆင်ဖို့အချိန်ရှိပါသေးတယ်” ဟုသမ္မတဇလန်းစကီးကဆိုသည်။

ယူကရိန်းသမ္မတနှင့်အဖွဲ့သည် လွန်ခဲ့သည့် ၁၈ လနီးပါးကစတင်ခဲ့သောစစ်ပွဲ အဆုံးသတ်ရေး အခြေခံမူများကိုထောက်ခံအားပေးသည့် “ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး” အတွက်ပံ့ပိုးကူညီမှုများတည်ဆောက်နိုင်ရန် မဟာမိတ်များနှင့်လက်တွဲဆောင်ရွက်လျက်ရှိသည်။

အဆိုပါဆွေးနွေးပွဲ၌ ကိဗ်က အတည်ပြုထားသော အချက် ၁၀ ချက်ပါဝင်သည့် ငြိမ်းချမ်းရေးအစီအစဉ်ကိုအဓိကထားဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

ကိဗ်၏ငြိမ်းချမ်းရေးကမ်းလှမ်းမှု၌ပါဝင်သည့်အချက်များတွင် ယူကရိန်းနယ်မြေစိုးမိုးနိုင်မှု အပြည့်အဝပြန်လည်ထူထောင်ရေးနှင့် ရုရှားတပ်များ အပြည့်အဝဆုတ်ခွာရေး၊စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊နျူကလီးယား ဘေးကင်းရေး၊ အကျဉ်းသားအားလုံးကိုလွှတ်ပေးရေးနှင့် အခြားအချက်များပါဝင်သည်။

လက်ရှိအချိန်၌မူ ထိပ်သီးအစည်းအဝေးကျင်းပမည့်နေရာကို သဘောတူညီမှုမရရှိသေးသကဲ့သို့ ယူကရိန်းနဲ့အနောက်နိုင်ငံများက ယခုထိပ်သီးဆွေးနွေးပွဲ၌ ရုရှားပါဝင်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here