ဝက်ဂနာတပ်ဖွဲ့များ ပိုလန်နယ်စပ်နှင့် ပိုမိုနီးကပ်လာပြီးနောက် နေတိုးနှင့် ဘီလာရုစ် တင်းမာမှုများ မြင့်တက်လာ

0
230

ဝက်ဂနာတပ်ဖွဲ့များ ပိုလန်နယ်စပ်နှင့် ပိုမိုနီးကပ်လာပြီးနောက် ဥရောပတွင် မငြိမ်မသက်ဖြစ်နေသော လုံခြုံရေးအခင်းအကျင်းတွင် နေတိုးနှင့် ဘီလာရုစ်တို့အကြား တင်းမာမှုများ မြင့်တက်လာ ပိုလန်သည် ဘီလာရုစ်နယ်စပ်တွင် တပ်ဖွဲ့ဝင်များ ပိုမိုချထားမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂါနေ့က စစ်ရေးလေ့ကျင့်ရေးလေ့ကျင့်မှု အတွင်း ဘီလာရုစ်ရဟတ်ယာဉ်နှစ်စင်းသည် ပိုလန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ပိုလန်၏စွပ်စွဲချက်ကို ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ငြင်းဆိုကာ ပယ်ချခဲ့သည်။

ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်းဒါးလူကာရှင်ကို သည် ဝက်ဂနာ၏ မအောင်မြင်သော ပုန်ကန်မှုကို ညှိနှိုင်းပေးခြင်းအားဖြင့် သဘောတူညီချက်တစ်ရပ်ကို ကြားဖြတ်စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ထောင်နှင့်ချီသော ဝက်ဂနာ ကြေးစားတိုက်ခိုက်ရေးသမားများကို ဘီလာရုစ်သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

မကြာမီကလည်း ပိုလန်အရှေ့တောင်ပိုင်းဒေသတွင် နယ်စပ်ဖြတ်ကျော်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရေဒါစနစ်များဖြင့် ထောက်လှမ်းရန် ခက်ခဲခဲ့ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak က မိမိတို့ နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပိုမိုချထားရန် အမိန့်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here