မြန်မာ့သတ္တုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၀၁၇ သန်းရရှိထား

0
203

ယခု ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့သတ္တုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၀၁၇ ရရှိထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။

အဆိုပါ တင်ပို့မှုသည် ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ (၁) ရက်မှ ဇူလိုင်လ (၂၈) ရက်အထိ တင်ပို့မှု ၄လ မှရရှိ‌ထားသော ဝင်ငွေဖြစ်သည်။

အလားတူ ပြီးခဲ့သည့် နှစ်ကာလတူတွင် ပြည်ပသို့ သတ္တု တွင်းထွက် ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၁၂၃ ဒသမ ၆၆၅ သန်းရရှိခဲ့သည့်အတွက် ကာလတူနှိုင်းယှဉ်ပါက ၇ သန်း ကျော်လျော့ကျခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၂၀ ကျော်နှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၉၅ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများဖြစ်သည့် ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here