ဖြူးမြို့နယ်ရှိ အရှည်(၁၆၀)ပေရှိ “ကွန်းချောင်း”တံတား မိုင်းခွဲဖျက်ဆီးခံရ

0
280

ပဲခူးတိုင်း၊ဖြူးမြို့နယ်၊သစ်ဖြူဆိပ်ကျေးရွာအနီး အရှည် (၁၆၀)ပေရှိ “ကွန်းချောင်း”တံတားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ သြဂုတ် ၄ ရက်(ယနေ့)နံနက် ၂ နာရီကျော်ခန့်က မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“တံတားကိုမိုင်းခွဲဖျက်ဆီးသွားတဲ့အတွက် ပျက်စီးသွားတယ် သွားလာလို့မရတော့ဘူး ကျောင်းသား၊ကျောင်းသူတွေ ကျောင်းတက်ဖို့နဲ့ စျေးရောင်း၊စျေးဝယ်တွေအတွက် အတော်ကြီးခက်ခဲသွားတာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် “ကွန်းချောင်း”တံတားအား တာဝန်ရှိသူများကလာရောက်စစ်ဆေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ “ကွန်းချောင်း”တံတားသည် အရှည် (၁၆၀)ပေ၊အကျယ်(၁၂)ပေရှိကာ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here