နမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးမှူး ပစ်ခတ်ခံရပြီးသေဆုံး

0
220

ကချင်ပြည်နယ်၊နမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့နယ်ဦးစီးမှူးဦးဖြိုးဝေဆန်းသည် သြဂုတ် ၃ ရက်ညပိုင်းက မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင်းသံလမ်းကူးအနီး၌ ပစ်ခတ်ခံရ၍သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီခွဲခန့်ကအလုပ်ကိစ္စဖြင့်အပြင်သွားပြီး ကားဖြင့်ပြန်လာသည့် နမ္မတီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့နယ်ဦးစီးမှူးဦးဖြိုးဝေဆန်းအားဆိုင်ကယ်စီးလာသည့်အမည်မသိအမျိုးသားများက မြစ်ကြီးနားမြို့ဂျာမိုင်ကောင်းသံ လမ်းကူးအနီး၌ သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် မြို့နယ်ဦးစီးမှူးဦးဖြိုးဝေဆန်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရုပ်အလောင်းအား မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here