ဝေါတွင် (၂၂) ဘီးကုန်တင်ကားက အရှိန်မထိန်းနိုင်ဘဲ တံတားအောက်ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်၊ ယာဉ်မောင်းသူ စိုးရိမ်ရ ဒဏ်ရာရ

0
150

ပဲခူးတိုင်း၊ဝေါမြို့နယ်ရှိ ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် (၂၂) ဘီးကုန်တင်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားအောက်ရှိရေမြောင်းထဲသို့ ထိုးကျခဲ့မှု ယနေ့ သြဂုတ် (၄) ရက် နံနက် (၃) နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းအတိုင်းမောင်းနှင်လာသည့် (၂၂) ဘီးကုန်တင်ကားသည် ဘုရားကြီးဘက်မှ ဝေါမြို့နယ်ဘက်သို့ မောင်းနှင်လာစဥ် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး မိုင်တိုင်အမှတ် ၆၇/၃ နှင့် ၆၇/၄ ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက်ရှိ ဖုန်းတိုင်အားတိုက်မိကာ ကျိုက်လှကျေးရွာအဝင် ကျေးလက်တံတားအား ထပ်မံတိုက်မိပြီး တံတားအောက်ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဥ်ကြောင့် ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် ဝေါမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည့် (၂၂) ဘီးကားမောင်းသူအား ဝေါမြို့နယ်လူမှုကူညီရေးအသင်းမှ ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here