မန္တလေး-လားရှိုးကားလမ်းတွင် အိမ်စီးကားနှင့် ခရီးသည်တင်ယာဉ်တိုက်မိမှုကြောင့် ၈ ဦး ဒဏ်ရာရ

0
245

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ မန္တလေး-လားရှိုးကားလမ်းတင် ယနေ့ ဩဂုတ်လ ၄ ရက်နေ့လယ်က အိမ်စီးကားနှင့် ခရီးသည်တင်ယာဉ်တိုက်မိမှုကြောင့် ၈ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာနှင့် အုမ္မခါးကျေးရွာကြား၊ မိုင်တိုင်အမှတ်(၇၀/၂)နှင့် (၇၀/၃)ကြားတွင် ယနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က နောင်ချိုဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Wish (အနက်ရောင်)ယာဉ်သည် ရှေ့မှလားရာတူမောင်းနှင်နေသော (၁၂)ဘီး ကုန်တင်ယာဉ်အား ကျော်တက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မန္တလေးဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မိမှုကြောင့် နောင်ချိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် Toyota Wish ယာဉ်ပေါ်ပါ ကျား(၂)ဦးနှင့် မ(၂)ဦး (မစိုးရိမ်ရ)၊ ခရီးသည်တင်ယာဉ်ပေါ်ပါ ကျား(၃)ဦးနှင့် မ(၁)ဦး (မစိုးရိမ်ရ) စုစုပေါင်း (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo – MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here