လာမည့်ကြံရာသီတွင် ကြံကိုစျေးကောင်းပေးဝယ်မည်ဟုစက်ရုံအချို့ပြော

0
151

ပြည်တွင်းသကြားဈေးမြင့်တက်လာခြင်းကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းတစ်သောင်းထိ တိုးမြင့်ဝယ်ယူမည်ဖြစ်ကြောင်း သကြားစက်ရုံအချို့က ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ထိတိုးမြင့် ဝယ်ယူခဲ့ရာမှ ယခုပြည်တွင်းသကြားဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲ သကြားစက်ရုံက ဩဂုတ် (၁) ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာ ငွေကျပ် ၃၃၀၀ ပေါက်ဈေးရှိနေပြီး ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ၅၀၀၀၀၀ ခန့်ရှိပြီး ယခင်နှစ်သကြားထုတ်လုပ်မှုမှာ တန်ချိန် ၅၀၀၀၀၀ အောက်လျော့နည်းခဲ့ခြင်းကြောင့် သကြားဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ် (၃) ရက်တွင် ပြည်တွင်းသကြားပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၃၃၀၀ ပေါက်ဈေးရှိနေကြောင်း ပြည်တွင်း သကြားဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here