မြန်မာအသင်းနည်းပြဟောင်း ဂတ်ဇီ ရန်ကုန်ယူနိုက်တက််တွင် နည်းပြချုပ်ဖြစ်လာ

0
185

မြန်မာအသင်း နည်းပြဟောင်း ဂျာမနီလူမျိုးဂတ်ဇီသည် ရန်ကုန်ယူနိုက်တက််တွင် နည်းပြချုပ်အဖြစ် ယနေ့ ဩဂုတ်လ (၄) ရက်မှ စတင်ပူးပေါင်းနေပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ် ဂတ်ဇီသည် ယမန်နေ့ညနေက ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ယနေ့ နံနက်တွင် အသင်းနှင့် ပထမဆုံး လေ့ကျင်းရေးများပြုလုပ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ ကိုင်တွယ်ရန်အတွက် ဂတ်ဇီအား နည်းပြချုပ် အဖြစ် ခန့်အပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဘောလုံးနှင့်ရင်းနှီးကျွမ်းဝင်သည့် ဂတ်ဇီသည် မြန်မာယူ-၂၀ အသင်းနှင့် အတူအောင်မြင်မှုများ ရရှိခဲ့ပြီး နယူးဇီလန်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။

ဂတ်ဇီသည် မြန်မာ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၃ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင် အသင်းကြီးကို (၃) နှစ်ကြာကိုင်တွယ်ခဲ့သည့်သူတစ်ဦးလည်း ဖြစ်သည်။

Photo – Yangon United FC


LEAVE A REPLY

Please enter your comment!
Please enter your name here