လာမည့် ၇ ရက်နေ့မှစတင်ပြီး သက်သာဈေးနှုန်းဖြင့် ဆန်ရောင်းချပေးမည်

0
335

စက်ရုံ အလုပ်ရုံကုမ္ပဏီအနေဖြင့် [email protected] သို့တင်ပြစာဖြင့်ပေးပို့ဆက်သွယ်ဝယ်ယူနိုင်

ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် လာမည့် ၇ ရက်နေ့မှစတင်ကာ ပြည်တွင်းစားသုံးမှုများသောဆန်အမျိုးအစားများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်မြို့ ဝါးတန်းလမ်းရှိဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်တို့မှာ စတင်ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြရမည်ဖြစ်ကြောင်း၊ ကတ် (၁)ခုကို တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန် (၁) အိတ်နှင့် ဧည့်မထအမျိုးအစားဆန် (၁) အိတ်တို့ကိုလွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရောင်းချပေးမည့်ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၁၁၀၀၀၀ ကျပ်)မှ (၁၂၀၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၉၄၀၀၀ ကျပ်)မှ (၉၇၀၀၀) ကျပ်၊ ဧည့်မထ (၁၀%) စားဆန်များ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထ (၂၅%)စားဆန်များတစ်အိတ်လျှင် ၆၀၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊စက်ရုံအလုပ်ရုံ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဌာန/စက်ရုံ အလုပ်ရုံကုမ္ပဏီမှ တင်ပြစာများဖြင့် [email protected] သို့ပေးပို့ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ကနဦးအနေဖြင့် (၂၅% အဆင့် -single polished &sorted ) ၅၀ ကီလိုအိတ်၊ အိတ်ရေ (၅၀၀၀၀) ကိုဦးစွာထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here