ထိုင်းနှင့်ကမ္ဘောဒီးယားစစ်တပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

0
252

ဖနွမ်းပင်၊ဩဂုတ် ၄

ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပူးတွဲလေ့ကျင့်ရေးကို နှစ်နိုင်ငံ၏ပထမဆုံးလေ့ကျင့်မှုအဖြစ်ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခန်းကို သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိပြုလုပ်မည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးသင်တန်းကိုမူ သြဂုတ် ၁၆ ရက်မှ ၂၁ ရက်အထိပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင်ကျင်းပမည့် အဆိုပါလေ့ကျင့်ရေးများသည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေငြာချက်အရ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့် ဖြေရှင်းရမည့်အခြားကိစ္စရပ်များအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များ၌ပူးပေါင်းဆောင်ရွက်ရေးလည်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုင်းနယ်စပ်ရေးရာဌာနကလည်း ကမ္ဘောဒီးယား နှင့် နှစ်နိုင်ငံစစ်တပ်များကြား ဆေးဘက်ဆိုင်ရာဖလှယ်မှုများပြုလုပ်ရန် တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အိမ်နီးချင်းနိုင်ငံတွေကြား လုံခြုံရေးအားကောင်းအောင်လုပ်ဖို့အရေးကြီးပါတယ်၊ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှု၊လူမှောင်ခိုကူးမှုနဲ့ သဘာဝဘေးအန္တရာယ်စတဲ့ တိုးတက်မှုလိုအပ်နေတဲ့ နယ်ပယ်တွေကိုကိုင်တွယ်ဖြေရှင်းဖို့ အတူတကွလုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟုလည်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

ကမ္ဘောဒီးယား၏နိုင်ငံခြားရေးမူဝါဒသည် အိမ်နီးချင်းနိုင်ငံများနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကိုတည်ဆောက်ရန် အာရုံစိုက်လာသောကြောင့် ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံကြား လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်းကစ၍ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခဲ့ခြင်းလည်းဖြစ်သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here