မြောက်ဥက္ကလာ၌ လျှပ်စစ်ပစ္စည်းရောင်းသည့်အိမ်တွင်ဓားမြတိုက်မှုဖြစ်ပွား

0
309

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ် ကွက်၊သုမင်္ဂလာ(၇)လမ်းရှိ Online မှတဆင့် လျှပ်စစ်ပစ္စည်းရောင်းသည့်အိမ်၌ သြဂုတ် ၄ ရက်မွန်းလွဲပိုင်းက ဓားဖြင့်ထောက်၍ဓားမြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က အမည်မသိအမျိုးသား ၃ ဦးသည် မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်၊သုမာလာ(၇)လမ်းနေ Online မှလျှပ်စစ်ပစ္စည်းရောင်းသည့် ဒေါ်နွဲ့နွဲ့ကြည်(၆၉)နှစ်နေအိမ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် နေအိမ်ရှိ ဒေါ်နွဲ့နွဲ့ကြည်နှင့်ဒေါ်မြမြကြည်တို့အား ဓားဖြင့်ထောက်၍ ပါးစပ်အားတိတ်ဖြင့်ပိတ်ကာ လက်များအား ပလပ်စတစ်ကြိုးဖြင့်ချည်နှောင်ပြီး ငွေကျပ် ၈၉ သိန်း၊ဆွဲကြိုး ၁ ကုံး၊လက်ကောက် ၆ ကွင်း၊ ဟန်ချိန်း ၁ ခု၊လက်စွပ် ၁ ကွင်း၊စိန်နားကပ် ၁ ရံတို့အား လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

“အမျိုးသမီးကြီး ၂ ယောက်ထဲရှိနေတဲ့အချိန်မှာ ဝင်ပြီးဓားမြတိုက်သွားတာ သူတို့က Online ကနေ လျှပ်စစ်ပစ္စည်းတွေရောင်းတာ စစ်သားတွေ ရဲတွေရောက်လာပြီး စစ်ဆေးသွားကြတာတွေ့တယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here