CPP ပါတီအနိုင်ရကြောင်းကြေငြာ
ဝန်ကြီးချုပ်ဖြစ်လာမည့် ဟွန်မာနက်

0
254

ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်NEC (The National Election Committee) က တရားဝင်ရလာဒ်များကို ယနေ့နံနက်တွင် ကြေညာလိုက်ပြီဖြစ်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ကမ္ဘောဒီးယားပြည်သူ့ပါတီက (၇)ကြိမ်မြောက်ရွေးကောက်ပွဲ၏ တရားဝင်ရလဒ်များကို လေးနက်စွာလက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အနိုင်ရ CPP ပါတီအနေဖြင့်အသက် ၄၅နှစ်ရှိ ဟွန်မာနက်အား အနာဂတ် ဝန်ကြီးချုပ်အဖြစ် ထောက်ခံထားကြသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ၂၀၂၂ ဇန္နဝါရီက မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်တွင် သူ၏သားအကြီးဆုံးဖြစ်သူ မစ္စတာဟွန်မာနက် လည်းပါဝင်ခဲ့သည်။မစ္စတာ ဟွန်ဆန်၏ သားသမီး ၆ ယောက်အနက် အကြီးဆုံးသား ဟွန်မာနက်သည် Bristol တက္ကသိုလ်ကျောင်းဆင်း၊ စီးပွားရေးဒေါက်တာဘွဲ့ရတဦးဖြစ်ပြီးလက်ရှိတွင် ကမ္ဘောဒီးယား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်ကိုထမ်းဆောင်နေသူဖြစ်သည်။

ပြီးခဲ့သည့်လက ရွေးကောက်ပွဲတွင် လူဦးရေ၏ ၈၄.၅၉ ရာခိုင်နှုန်းခန့် မဲပေးရွေးချယ်ခဲ့ကြောင်း NEC က ဖော်ပြခဲ့သည်။

Photos – ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံသို့ လိုက်ပါလာခဲ့ဖူးသည် ဟွန်မာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here