Continental Futsal Championship 2023 ပြိုင်ပွဲဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

0
267

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ယနေ့ ဩဂုတ်လ ၅ ရက် နံနက်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်ကစားသမား ၁၈ဦး ၊ အုပ်ချုပ်၊နည်းပြ အဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် Continental Futsal Championship 2023 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု ပွဲစဉ်များအဖြစ် ဩဂုတ် ၇ရက်တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ ဩဂုတ် ၈ ရက်တွင် ဆော်လမွန်ကျွန်းစု အသင်းနှင့်လည်း‌ကောင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Photo – MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here