မူဆယ်မြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် ကားတစ်စီးပေါ်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

0
249

ရှမ်းပြည်နယ်၊မူဆယ်မြို့၊စက်မှုဇုန်ရှိ ကားဝပ်ရှော့တစ်ခုတွင် သြဂုတ် ၄ ရက်ညနေပိုင်းက ကားလာပြင်သည့်ကားတစ်စီးပေါ်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေ ၄ နာရီကျော်ခန့်က မူဆယ်မြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် ကားလာပြင်သည့် 4 Wheel ကားတစ်စီး၏နောက်ခန်းအတွင်းမှ ဗုံးပေါက်ကွဲခဲ့၍ ယင်း ကားအားမောင်းနှင်သည့် ကားမောင်းသူမှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လာပြင်တဲ့ကားပေါ်ကနေပေါက်ကွဲသွားတာ ဝပ်ရှော့ကလူတစ်ချို့လည်း ဒဏ်ရာရတယ်ကြားတယ် နောက် ဝပ်ရှော့ထဲမှာရှိတဲ့ ကားတွေဆိုင်ကယ်တွေလည်းပျက်စီးသွားတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ကားဝပ်ရှော့အတွင်း၌ရှိနေသူ ၅ ဦးတွင်လည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Photo -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here