IT&Electronic Expo (2023) ပြပွဲ နှစ်ရက်ကြာကျင်းပမည်

0
273

Myanmar Online Entrepreneur (MOE) မှကြီးမှူး၍ IT&Electronic Expo (2023) ပြပွဲကို Yangon Convection Centre တွင် နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြပွဲတွင် ပြခန်းပေါင်း (၈၀) ဝန်းကျင်ပါဝင်ပြီး အိမ်သုံးပစ္စည်းများ၊ ဖုန်း၊ ဆိုလာ၊ အင်တာနက်၊ mobile pay ဝန်ဆောင်မှုများ အစရှိသည့် အီလက်ထရောနစ်ပစ္စည်းများ ပါဝင်ပြသလျက်ရှိခြင်းဖြစ်သည်။

အိုင်တီနဲ့ လျှပ်စစ်ပစ္စည်းလုပ်ငန်း အမျိုးအစားပေါင်းမြောက်မြားစွာအပြင် Special Promotion အစီအစဉ်များ၊ Lucky Draw အစီအစဉ်များလည်းပါဝင်ကြောင်း အဆိုပါပြပွဲမှ သိရသည်။

ယင်းအပြင် လာမည် ၁၈ ရက်နှင့် ၁၉ ရက် ရက်တွင်လည်း အဆိုပါနေရာ၌ အိမ်ခြံမြေ၊ ဆိုလာနှင့် EV ကားများနှင့်ပတ်သက်၍ ပြပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here