ကြည့်မြင်တိုင်မြို့နယ်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းမိ

0
264

ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတန်းတောင်/အနောက်ရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၂၀၀၀ ပြားအား သြဂုတ် ၄ ရက်နေ့လည်ပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတန်းတောင်/အနောက်ရပ်ကွက်၊စျေးကြီးလမ်းတွင် လမ်းလျှောက်လာသည့် မမီမီအောင် (၃၉)နှစ်အား ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာ မမီမီအောင် ကိုင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၂၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ဇူလိုင် ၃၁ ရက်နံနက် ၁၁ နာရီခွဲခန့်ကလည်း မင်္ဂလာဒုံမြို့နယ်၊ချစ်တီးကုန်းရပ်ကွက်၊အောင်မင်္ဂလာအဝေးပြေးကား၀င်းတွင် လမ်းလျှောက်လာသည့် စိုင်းသန်းစိုးကြိုင်(ခ)ကိုစိုင်း (၄၁)နှစ် ကိုင်ဆောင်လာသည့်ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၄၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ပူးပေါင်းပါဝင်သူ စန်း၀င်းအောင်(၄၂)နှစ်ကိုထပ်မံဖမ်းဆီးရမိခဲ့သဖြင် မင်္ဂလာဒုံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here