နန်နင်းမြို့တွင်ကျင်းပမည့် (၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှပါဝင်ပြသမည်

0
266

တရုတ်နိုင်ငံ၊ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်နင်းမြို့တွင်ကျင်းပမည့် (၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်-အာဆီယံကုန်စည်ပြပွဲအား နန်နင်းမြို့၌ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှအောင်မြင်စွာပါဝင်ပြသနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှဦးဆောင်ကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား သြဂုတ် ၄ ရက်နေ့လည် ၃ နာရီခွဲက Online စနစ်ဖြင့်ကျင်းပခဲ့သည်။

အစည်းအဝေးသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်း၊သံမှူးဒေါ်ခိုင်ငြိမ်းစုနှင့်စီးပွားရေးသံမှူးဒေါ်ကေခိုင်ကျော်တို့တက်ရောက်ခဲ့ကြပြီး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူ တာကပေါကမှဦးဆောင်၍ ကဏ္ဍအလိုက်ဆောင် ရွက်ထားရှိမှုများကိုဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းမှလည်း CAEXPO Secretariat မှပေးပို့လာသည့် ဖိတ်ကြားစာများကို သံတမန်လမ်းကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့ခဲ့ပြီးဖြစ်၍ အခြားပံ့ပိုးဆောင်ရွက်ပေးရန်ရှိပါက ကြိုတင်အကြောင်းကြားပေးစေလိုသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းအစိုးရအဖွဲ့၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှကိုယ်စားလှယ်များ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here