ပို့ကုန်ဝင်ငွေ နိုင်ငံပိုင်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ပိုမိုရရှိခဲ့

0
147

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်ကျော်ကာလအတွင်း နိုင်ငံပိုင်တင်ပို့မှုမှာ ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်ကျော်ကာလတွင် မြန်မာနိုင်ငံသည် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၅ ဘီလီယံကျော်ရရှိခဲ့ပြီး နိုင်ငံပိုင်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၆၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယခင်ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၁ ဘီလီယံကျော်ရရှိခဲ့ကာ ကာလတူနှစ်ခုနှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင်ကန်ဒေါ်လာ ၄၁၁ ဒသမ ၆၄၀ သန်းတိုးလာခြင်းဖြစ်သည်။

နိုင်ငံပိုင်ကဏ္ဍမှ ပြည်ပသို့ ပို့ကုန်အဖြစ် သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊စက်မှုကုန်ချောပစ္စည်းနှင့် အခြားကဏ္ဍမှပစ္စည်းများကိုတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း နှင့် ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် ကုန်သွယ်ဖက်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here