မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး၏ တော်နော်ရေတံခွန်အနီးတွင် တောင်နံရံပြိုကျ၍ လမ်းပိတ်ဆို့နေ

0
398

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီးတွင် သြဂုတ် ၆ ရက်(ယနေ့)နံနက် ၆ နာရီခွဲခန့်က တောင်နံရံပြိုကျ၍ လမ်းပိတ်ဆို့နေကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းရာမှ တော်နော်ရေတံခွန်အနီးရှိ အာရှလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၅၄ နှင့်၁၅၅ ကြားတွင် တောင်နံရံပြိုကျကာ မြေသားများအာရှလမ်းမကြီးပေါ်သို့ လမ်းပိတ်ဆို့နေခြင်းဖြစ်ကြောင်း သိရသည်။

“မြေသားတွေက လမ်းပေါ်ကို ပေ ၆၀ လောက်အထိပြိုကျနေတော့ ဘယ်ကားမှဖြတ်သွားလို့မရဘူး လမ်းတွေပိတ်နေတာပေါ့ လူကြီး‌တွေရောက်လာပြီး ရှင်းလင်းတာတွေလုပ်ဖို့ညွှန်ကြားနေတာတွေ့တယ်”ဟု အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ အာရှလမ်းမကြီးပေါ်ကျနေသည့် မြေသားများအား တာဝန်ရှိသူများနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေအသင်းဝင်များက ကားများပြန်လည်ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဖယ်ရှားရှင်းလင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီးသည် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၌ အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here