တစ်ရက်အတွင်း ၂ ကြိမ်မြောက် ပင်လယ်ပြင်တိုက်ခိုက်မှုတွင် ယူကရိန်းဒရုန်းများက ရုရှားရေနံတင်သင်္ဘောကို တိုက်ခိုက်ပြီးနောက် မိမိတို့လက်တုံ့ပြန်မည်ဟု ရုရှား ကတိပေး

0
282

သောကြာနေ့နှောင်းပိုင်းက ခရိုင်းမီးယားအနီး ပင်လယ်နက်တွင် တစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် ပင်လယ်ပြင်တိုက်ခိုက်မှုအဖြစ် ရုရှားရေနံတင်သင်္ဘောတစ်စီးကို ယူကရိန်းဒရုန်းများက တိုက်ခိုက်ခဲ့ပြီးနောက် မိမိတို့ကလည်း ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ရုရှားတို့က ကတိပေးခဲ့သည်။

ယူကရိန်းသည် သောကြာနေ့ အစောပိုင်းတွင် အဓိကရုရှား ဆိပ်ကမ်းတစ်ခုကို တိုက်ခိုက်ခဲ့သေးသည်။

ခရန့်ချ်ရေလက်ကြားရှိ အရပ်ဖက်သင်္ဘောတစ်စီးအား ယူကရိန်းမှတိုက်ခိုက်မှုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုဟု ရှုမြင်ကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခရိုဗာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

“ဒီလို ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေအတွက် မျှတမှုဆိုတာ မရှိနိုင်ပါဘူး၊ သူတို့ရဲ့ ကျူးလွန်မှုအတွက် မလွဲမသွေ အပြစ်ပေးခံရမှာပါ” ဟု မာရီယာဇာခရိုဗာက သူ၏ တယ်လီဂရမ်ချယ်နယ်တွင် ရေးသားခဲ့သည်။

ယူကရိန်း ၏ ရေတပ်စွမ်းရည်များ ကြီးထွားလာသည်နှင့်အမျှ ပင်လယ်နက်သည် စစ်ပွဲတွင် ပို၍အရေးကြီးသော တိုက်ပွဲဖြစ်လာသည်။

ကမ္ဘာ့ဈေးကွက်တွင် ရောင်းချရန်အတွက် ပင်လယ်နက်ကို ဖြတ်သန်း၍ ကောက်ပဲသီးနှံ တန်ချိန်သန်းပေါင်းများစွာကို ယူကရိန်းနိုင်ငံသို့ တင်ပို့ခွင့်ပြုသည့် အဓိကပို့ကုန်သဘောတူညီချက်မှ ရုရှားသည် လွန်ခဲ့သော ၃ ပတ်က နုတ်ထွက်ခဲ့သည်။ ထိုနုတ်ထွက်ပြီးနောက် ရုရှားသည် အိုဒက်ဆာပါအဝင် ယူကရိန်းဆိပ်ကမ်းများကို အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here